ပထမဦးဆုံး Photoshop Program ထဲဝင်လိုက်ပါ ပြီးတော့ File ကိုနှိပ်ပါကျလာတဲ့စာထားတွေထဲက Open ပေါ်မှာ Mouse ကိုရွှေ့ပြီး Mouse ကိုတစ်ချက်နှိပ်ပါ
ပြီးတော့ကိုယ်သိမ်းထားတဲ့ဖိုင်ထဲကနေ Mouse ကိုနှစ်ချက်နှိပ်လိုက်ပါ Photoshop Program ထဲမှာကိုယ်ရွေးထားတဲ့ပုံပေါ်လာလိမ့်မယ် ပြီးတော့အောက်မှာဝိုင်းပြထားတဲ့ Tool ထဲက Crop Tool ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ ပြီးတော့ နံပါတ် (2) ဝိုင်းထဲမှာ 1 in လို့ထည့်ပြီး နံပါတ် (3) ဝိုင်း
ထဲမှ 1.5 in လို့ထည့်ပေးလိုက်ပါ အဲလိုထည့်ခိုင်းရဲ့တဲ့အကြောင်းရင်းကတော့ Crop Tool ကပုံတွေကိုလိုတဲ့အပိုင်းလောက်ဖြတ်ထုတ်တဲ့အရာပါ နံပါတ် (2) 1 in က 1 လက်မ ပါ နံပါတ် (3) 1.5 in က 1 လက်မခွဲပါ ဘာဖြစ်လို့ထည့်ရလည်းဆိုတော့ ဓါတ်ပုံကိုဖြတ်တဲ့အချိန်မှာ 1 လက်မ x 1.5 လက်မခွဲ ကိုအချိုးကျကျဖြတ်အောင်လို့ပါ ပြီးရင်ကိုယ်ဖြတ်မဲ့အရွယ်အစားလောက်ပုံမှာပြထားတဲ့အတိုင်း Mouse ကိုဆွဲလိုက်ပါ ပြီးရင် Keyboard ပေါ်က Enter ကိုနှိပ်လိုက်ပါ ဒါဆိုပုံကိုကျွန်တော်တို့လိုချင်တဲ့ 1 လက်မ x 1.5 လက်မခွဲ ပုံရလာပါပြီ
4" x 6" စာရွက်အလွတ်တစ်ရွက်ယူဖို့အတွက် Preset အကွက်မှာအဝိုင်းထဲက မျှားလေးကိုနှိပ်ပြီး ကျလာတဲ့စာတွေထဲက Custom ရွေးလိုက်ပါ ပြီးတော့အောက်က နံပါတ် (2) ကွက်ထဲမှာ 4 လို့ရိုက်ထည့် နံပါတ် (3)အကွက်ထဲမှာ 6 လို့ရိုက်ထည့်ပါ ပြီးတော့ နံပါတ် (4 နဲ့ 5) မှာ inches လို့ရွေးပေးပါ (inches ကိုပြောင်းလို့ နံပါတ် (2 နဲ့ 3) မှာ ပြောင်းသွားခဲ့ရင်ပြန်ပြောင်းလိုက်ပါ) ပြီးတော့ OK ကိုနှိပ်လိုက်ပါ
ပေါ်လာတဲ့စာရွက်ဖြူပေါ်ကို ခဏကဖြတ်ထားတဲ့ဓာတ်ပုံကို Mouse ကိုဆွဲပြီးလွတ်လိုက်ပါ အဲဒါ

ပေါ်လာတဲ့စာရွက်ဖြူပေါ်ကို ခဏကဖြတ်ထားတဲ့ဓာတ်ပုံကို Mouse ကိုဆွဲပြီးလွတ်လိုက်ပါ အဲဒါ
ပြီးတော့ Ruler ထဲကနေချိန်ပြီး 1 ထိရောက်ခါနီးတစ်မှတ်အလိုထိရွေ့လိုက်ပါ Keyboard ထဲက Shift ကိုဖိထားပြီး (Shift ကိုဖိနှိပ်ရတာကတော့နဂိုအချိုးအတိုင်းအပေါ်အအောက် အချိုးကျအောင်ပါ) ဓာတ်ပုံရဲ့ထောင့်ကနေဆွဲလိုက်ပါပြီးရင် Mouse ကိုလွတ်လိုက်ပါဘေးနားလေးမှာအနားသားဖြူလေးတွေရှိအောင် Keyboard က မျှားလေးတွေကိုနှိပ်ပြီး အောက်နှစ်ချက် နဘေးနှစ်ချက်လောက်နှိပ်လိုက်ပါ အောက်ကပုံအတိုင်းဖြစ်နေလိမ့်မယ်

ပြီးတော့ Layer ထဲ မှာ နံပါတ်(1) မှာဝိုင်းပြထားတဲ့နေရာကို Mouse ကိုဖိပြီး နံပါတ်(2) ပေါ် Mouse ကို
ဖိပြီးရွေ့သွားပါပြီးရင် Mouse ကိုလွတ်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ပြီးရင် keyboard ထဲက မျှားလေးကိုနှိပ်ပြီးနဘေးကိုရွှေ့လိုက်ပါပုံထဲကပုံစံအတိုင်းဖြစ်အောင်အဲလိုပုံစံမျိုးဘဲ့ နောက်ထပ်နှစ်ပုံရအောင်ထပ်လုပ်လိုက်ပါအောက်ကပုံအတိုင်းဖြစ်သွားအောင်ပါ
ပြီးရင် အပေါ် Menu ဘားထဲက Layer ကို Mouse ကိုတစ်ချက်နှိပ်ပြီး Merge visible (သို့မဟုတ်) Keyboard ထဲက Shift+Ctrl+E ကိုတွဲနှိပ်လိုက်ပါ အပေါ်ကပုံအတိုင်း Layer အကွက်ထဲမှာ Layer တွေအကုန်လုံးပေါင်းသွားပါလိမ့် ပြီးရင် အပေါ်ကနည်းအတိုင်း Layer ထဲက Layer အသစ်ကူး
လိုက်ပြီး Keyboard ထဲမျှားလေးကိုနှိပ်ပြီးအောက်ရွှေ့လိုက်ပါအဲလိုမျိုး လုပ်ပြီးအောက်ကပုံအတိုင်းဖြစ်အောင်လုပ်လိုက်ပါ
အဲဒါဆိုရင်လိုင်စင်ပုံလုပ်ဖို့လုပ်လို့ပြီးသွားပါပြီး ဒါကို Printer နဲ့ထုတ်ဖို့အတွက် Printer ကောင်းကောင်းလောက်လိုပါတယ်
ဒီမှာတော့ဥပမာအနေနဲ့ epson L210 နဲ့နမူနာပြသွားပါမယ် File ထဲကနေ print ကိုနှိပ်ပြီးဝင်လိုက်ပါ
ပြီးရင် print setting ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ် ပြီးရင် Document Size ထဲကနေ စာရွက်အရွယ်အစားကိုရွေးပေးပါဒါပေမယ့် 4x6 စာရွက်မရှိတဲ့အတွက်ကိုယ်ဟာကိုစာရွက်အသစ်တစ်ရွက်ဖန်တီးဖို့အတွက် User-Defined ကိုရွေးလိုက်ရင် အောက်ကဘောင်အသစ်တစ်ခုထွက်လာလိုက်မယ် အောက်မှာ Unit အောက်က mm နဲ့ inch နေရာမှာ inch ကိုရွေးလိုက်ပါပြီးမှ Paper Width နေရာမှာ 4 လို့ရိုက်ထည့်လိုက်ပါ Paper Height နေရာမှာ 6 လို့ရိုက်ထည့်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ ပြီးရင် paper Type နေရာမှာပုံမှာပြထားတဲ့အတိုင်း Epson Premiun Glossy ကိုရွေးလိုက်ပါ Quality နေရာမှာ More setting ကိုရွေးအကုန်တင်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ
အောက်ကပုံအတိုင်းပေါ်လာတဲ့အချိန်ကျရင် Print ကိုနှိပ်ရင် လိုင်စင်ဓါတ်ပုံကို 4x6 စာရွက်ပေါ်မှာ 8 ပုံထွက်လာပါလိမ့်မယ် အဲလိုမျိုးကိုအသုံးပြုမဲ့ဓါတ်ပုံရဲ့အရွယ်အစားနဲ့စာရွက်အရွယ်အစားကိုပြောင်းပြီးထုတ်ယူနိုင်ပါ
Subscribe to: Post Comments (Ato
0 comments:
Post a Comment