#Label1 ul{ max-height:200px; overflow:auto; } #Label1 ul::-webkit-scrollbar { height:12px; width: 12px; background: #333;} ::-webkit-scrollbar-thumb { background-color: #ccc; -moz-border-radius: 10px; border-radius: 10px; }

Monday, April 11, 2016

ဘလော့မှာချိတ်ဆက်ဖို့ Image တွေကို အကန့်အသတ်မရှိ Hosting လုပ်ကြမယ်

ဘလော့မှာ လိုအပ်ရင် လိုအပ်သလို ပုံလေးတွေ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ် ..
အဲဒီအခါ ကိုယ်တင်ချင်တဲ့ပုံလေးတွေကို Image Hosting Site တွေမှာ Host လုပ်ပြီး ဘလော့ထဲမှာ လင့်ပြန်ချိတ်ပြီး တင်ကြသလို ဘလော့ပို့စ်တွေထဲမှာပဲ Image Upload Tool ကနေ တိုက်ရိုက်တင်ကြတဲ့သူတွေလည်း ရှိပါတယ် ..
အဲ ... ဘလော့မှာ အမြဲတမ်းအသုံးပြုရမယ့်ပုံတွေကိုတော့ Photobucket.com တို့လို Image Hosting Site တွေမှာ သွားတင်ထားပြီး လင့်ချိတ်အသုံးပြုတာက များပါတယ် ..
ဒါပေမယ့် .. အဲဒီလို Free Hosting Site တွေမှာ Bandwidth Limit ဆိုတာရှီပါတယ် ..


ဥပမာ .. Free Account အတွက် Limit ပေးထားတာက တစ်လကို Bandwidth 10Mb ဆိုပါစို့
အဲဒီ Site မှာ ကိုယ်တင်ထားတဲ့ပုံက 1Mb ရှိတယ်ဆိုပါစို့ ( ဥပမာနော် .. )

အဲဒီပုံရဲ့လင့်ကို ဘလော့မှာ ချိတ်ဆက်ထားလိုက်ရင် Visitor တစ်ယောက်က အဲဒီပုံလင့်ကို တစ်ခါဖွင့်လိုက်တာနဲ့ 1Mb Limit ကုန်သွားပါတယ် ..

အဲဒီတော့ 10Mb ပေးထားတဲ့အတွက် အဲဒီပုံကို 10ခေါက်ဖွင့်ကြည့်မိလိုက်တာနဲ့ အဲဒီလအတွက်
အဲဒီပုံအပြင် အဲဒီ Site မှာတင်ထားတဲ့တခြားသော ကိုယ့်ရဲ့ပုံတွေပါ ဘလော့ထဲကနေ ပျောက်ကွယ်သွားပါမယ်

တစ်လအဖြစ်ကန့်သတ်ကာလ ပြည့်သွားတဲ့အခါကျမှ အဲဒီပုံတွေ ပြန်ပေါ်လာမှာဖြစ်ပါတယ် ..
Bandwidth Limit ဆိုတာ အဲဒါပါပဲ ....

အဲဒီတော့ .. ဘလော့တစ်ခုအတွက် Unlimited Bandwidth နဲ့ အကန့်အသတ်မရှိ Hosting လုပ်ထားနိုင်ရင် ပိုပြီးအဆင်ပြေတာပေါ့ ..

အဲဒီလို Unlimited Bandwidth ရဖို့ဆိုတာကလည်း ပိုက်ပိုက်ပေးပြီးဝယ်သုံးတဲ့ အကောင့်တွေမှာပဲ အဆင်ပြေတာလေ ..

ကဲ .. ဒီပို့စ်လေးမှာတော့ ဘလော့အတွက်အသုံးပြုမယ့် ပုံတွေကို ပိုက်ပိုက်ကုန်စရာမလိုပဲ Bandwidth အကန့်အသတ်မရှိ Hosting လုပ်ခွင့်သက်တမ်း အကန့်အသတ်မရှိပဲ Host လုပ်နိုင်မယ့်နည်းလေးတစ်ခုကို မျှဝေပေးမှာပါ ..

သိပ်ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး ..
ကိုယ့်ရဲ့ဘလော့ထဲမှာပဲ Hosting လုပ်ထားပြီး လင့်ပြန်သုံးတဲ့နည်းပါ

ဘလော့ထဲမှာ ပုံတွေကို အကန့်အသတ်မရှိတင်ထားဖို့ အဆင်အပြေဆုံးနေရာ နှစ်ခုရှိပါတယ် ..
အဲဒါကတော့ New post နဲ့ New Page ပါပဲ ..

Post တစ်ခုအဖြစ်ဖန်တီးပြီး တင်ထားမယ်ဆိုရင် အလည်လာတဲ့သူတွေ မြင်မှာမို့ စိတ်အနှောက်အယှက် ဖြစ်ရပါလိမ့်မယ် ..

အဲဒီတော့ Page တစ်ခုအဖြစ်ဖန်တီးပြီး ကိုယ့်ဘလော့အတွက် အသုံးတည့်မယ့် ပုံလေးတွေကို Host လုပ်ထားလိုက်ရုံပဲပေါ့

ကဲ .. ကျွန်တော် ဒီလိုလုပ်ထားပါတယ် ..





အရင်ဆုံး Blogger မှာ Log in ၀င်လိုက်ပါတယ်
ပြီးရင် Pages ကို သွားပါတယ်
New ကနေပြီး Blank Page ကို နှိပ်ပါတယ် ..
အဲဒီမှာ ပို့စ်အသစ်တင်သလိုပဲ Page အသစ်ပွင့်လာပါမယ် ..
Title မှာ ကိုယ်နှစ်သက်ရာကို ပေးလိုက်ပါ ( ဥပမာ- My Images တို့ဘာတို့ပေါ့)
ပြီးရင် Title ဘားရဲ့အောက်က Tool တွေထဲက Insert Image Tool ကိုသုံးပြီး ကိုယ့်ရဲ့ပုံကို Upload လုပ်လိုက်ပါတယ် ..








အဲဒီလို ပုံကို Upload တင်ပြီးပြီးပြီဆိုရင် ဘယ်ဖက်အပေါ်ဒေါင့်နားလေးက HTML mode ကို နှိပ်လိုက်ပါ
ပွင့်လာတဲ့ထဲမှာ အခုတင်လိုက်တဲ့ ပုံရဲ့ လင့်လေးရှိနေပါတယ်




အဲဒါလေးကို ကော်ပီကူးယူထားလိုက်ပါ

တခြားပုံတွေကိုလည်း အဲဒီလို တင်လိုက် လင့်ကို ကော်ပီကူးယူထားလိုက်နဲ့ ...
အာလုံးပြီးသွားရင်တော့ Publish လုပ်လိုက်ရုံပါပဲ ..

( ကိုယ်က Publish လုပ်လိုက်ပေမယ် Page Options မှာ Don't Show ကိုရွေးထားတဲ့အတွက် ကိုယ့်ဘလော့ကို အလည်လာတဲ့သူတွေ မတွေ့နိုင်ပါဘူး ..)

အဲဒီနည်းနဲ့ ပုံတွေတင်ဖို့ လိုလာတိုင်း အဲဒီ Page ကို edit ကနေပြန်ဖွင့် ပုံတွေ Upload တင် Update နှိပ်
အဲဒီလို ကိုယ်တင်ချင်တဲ့ ပုံတွေ ( Jpeg, gif, png, ... ) ကြိုက်သလောက်ကို အကန်အသတ်မရှိ Hosting လုပ်ပြီး သုံးနေလိုက်ရုံပါပဲ

ကဲ .. အဆင်ပြေကြပါစေဗျာ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

No comments:

Post a Comment